တပ်မတော်(လေ)

တပ်မတော်လေ တစ်ခုလုံးကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) မှ တိုက်ရိုက်ကွပ်ကဲသည်။ (တပ်မတော်လေ အကြီးအကဲ ) ကာကွယ်ရေးဦးစီးချုပ်(လေ)မှာ ဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်း ဖြစ်ပြီး စစ်ဦးစီးအရာရှိချုပ်(လေ)မှာ ဗိုလ်ချုပ်ခင်အောင်မြင့် ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကွပ်ကဲမှုအောက်ရှိတပ်များမှာ (၁)မြစ်ကြီးနားလေတပ်စခန်း ဌာနချုပ်၊(၂) မကွေးလေတပ်စခန်း ဌာနချုပ်၊(၃) နမ့်စန်လေတပ်စခန်းဌာနချုပ် ၊(၄) မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်၊(၅)တောင်ငူလေတပ်စခန်း ဌာနချုပ်၊(၆)မြိတ်လေတပ်စခန်း ဌာနချုပ်၊(၇) ဟုမ္မလင်းလေတပ်စခန်း ဌာနချုပ်၊(၈) မိတ္ထီလာလေတပ်စခန်း ဌာနချုပ်၊(၉) ပြုပြင်ထိန်းသိမ်းရေးလေတပ်စခန်းဌာနချုပ်၊(၁၀) လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၊(၁၁)မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်၊(၁၂) လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်တို့ ဖြစ်ကြသည်......... ၂၀၀၁-၂၀၀၂ ခုနှစ်တွင် နယ်စပ် အငြင်းပွားမှုကို အကြောင်းပြုပြီး ထိုင်းလေတပ်မှ အထူးသဖြင့် F-16 လေယာဉ်ပျံများ မြန်မာပြည်ဘက်ကို ကျူးကျော်ပြီး ပျံသန်းခဲ့ပြီး မိုင်းဆတ်မြို့နယ်ထဲက နယ်စပ် တောင်ကုန်းတခုကို ပစ်ခတ်ခဲ့သည်။ထိုင်းနိုင်ငံ၏ F-16 တိုက်လေယာဉ်ပျံတွေကို ကြားဖြတ်ပြီး ဟန့်တား တိုက်ခိုက်နိုင်ဖို့အတွက် MIG-29 တိုက်လေယာဉ်ပျံများကိုဝယ်ယူလာခဲ့သည်။
တပ်မတော် (လေ)၏ တရုတ်နိုင်ငံထုတ် A-5C တိုက်လေယာဉ်

Contents

[ပြင်ဆင်ရန်​] A-5C တိုက်လေယာဉ် စက်မှုဆိုင်ရာ အချက်အလက်များ

  • လေယာဉ်၏ ကိုယ်ထည် အလျားမှာ ၁၅.၆၅ မီတာ (၅၁' ၄") ရှိပြီး အတောင်ပံ နှစ်ဖက်ထိပ်နှစ်ခု အကျယ် - ၉.၆၈ မီတာ (၃၁'၉") ရှိပါသည်။
  • လေယာဉ်၏ အမြင့် - ၄.၃၃ မီတာ (၁၄'၃") ရှိပြီး အတောင်ပံ အကျယ်ဧရိယာ - ၂၉.၉၅ စတုရန်းမီတာ (၃၂၂.၃၈ စတုရန်းပေ) ရှည်ကာ
  • အခွံအလေးချိန် - ၆၃၇၅ ကီလိုဂရန် (၁၄၀၅၀ ပေါင်)
  • သာမန် အလေးချိန် - (လေယာဉ်+လက်နက်+ဆီ) - ၉၄၈၆ ကီလိုဂရန် (၂၀၉၁၀ ပေါင်) ရှိပါသည်။
  • လေယာဉ်ပျံ တက်နိုင်သော အများဆုံးအလေးချိန်မှာ ၁၁၈၃၀ ကီလိုဂရန် (၂၆၀၈၀ ပေါင်) ဖြစ်သည်။
တပ်မတော် (လေ)၏ တရုတ်နိုင်ငံထုတ် F-7M တိုက်လေယာဉ်

[ပြင်ဆင်ရန်​] F-7 M Aircraft တိုက်လေယာဉ် စက်မှုဆိုင်ရာ အချက်အလက်များ

တပ်မတော် (လေ)၏ ရုရှားနိုင်ငံထုတ် MIG-29 တိုက်လေယာဉ်

[ပြင်ဆင်ရန်​] MIG-29 တိုက်လေယာဉ် စက်မှုဆိုင်ရာ အချက်အလက်များ

Mikoyan MiG-29 K/KUB ဖြစ်ပြီး နေတိုး၏ သတ်မှတ်ချက်အရ Fulcrum-D ဟု နာမည်ပေးထားသည်။ MiG-29 K သည် ပိုင်းလော့ တဦးတည်းမောင်း ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး MiG-29 KUB သည် ပိုင်းလော့ ၂ ယောက်ထိုင် ဘက်စုံသုံး တိုက်လေယာဉ်သို့ အမောင်းသင် လေယာဉ် ဖြစ်သည်။ ကျန်သည့် ဝန်ဆောင်နိုင်သည့် အနေအထားများမှာ တူညီသည်။
မျိုးဆက်လေးခုမြောက် စီးရီးဖြစ်ပြီး ဆီပေးစနစ် ပိုကောင်းအောင် ပြုပြင်ထားပြီး ဝန်ဆောင်နိုင်မှုအား ပိုလာသည်။ ထို့ပြင် Zhuk-ME အဆင့်မြင့် ရေဒါ တပ်ဆင်ထားပြီး ပစ်မှတ်ကို ရှာဖွေရာနှင့် ပစ်ခွင်းရာတွင် ပိုမိုတိကျမှု အားကောင်းအောင် မွမ်းမံထားသည်။
MIG-29 K/KUB လေယာဉ်၏ အရွယ်အစားနှင့် ဝန်တင်ဆောင်နိုင်မှု ပမာဏ mig-29k • လေယာဉ်မောင်း တဦး (MiG-29 K) • လေယာဉ်မောင်းနှင့် အပိုတဦး၊ ပေါင်း ၂ ဦး (MiG-29 KUB) • စတင်ပျံသန်းစဉ် အလေးချိန် (ပုံမှန်အခြေအနေ) - ၁၈၅၅ဝ ကီလိုဂရမ် (၄ဝ ၈၉၅ ပေါင်) • စတင်ပျံသန်းစဉ် အလေးချိန် (အမြင့်ဆုံးဝန်) ၂၂ ၄ဝဝ ကီလိုဂရမ် (၄၉ ၃၈၃ ပေါင်) • အများဆုံး သယ်ဆောင်နိုင်သည့် ဝန်ချိန် - ၅၅ဝဝ ကီလိုဂရမ် (၁၂၁၂၅ ပေါင်) • အများဆုံးပျံသန်းနိုင်မှုနှုန်း - တနာရီလျှင် ၂၄ဝဝ ကီလိုမီတာ ( တနာရီလျှင် ၁၄၉၁ မိုင်) • အမြင့်ဆုံး ပျံတက်နိုင်မှုနှုန်း - ပင်လယ်ရေမျက်နှာပြင်မှ တမိနစ်လျှင် ၁၇ ၇၆ဝ မီတာ (တမိနစ်လျှင် ၅၈၂၆ဝ ပေ) • တိုက်ပွဲ၌ အမြင့်ဆုံး ပျံတက်နိုင်သည့် အကွာအဝေး - ၁၈ ၀၀၀ မီတာ (၅၉ ဝ၅၅ ပေ) • လောင်စာဆီ တင်ဆောင်နိုင်မှု အများဆုံးပမာဏ - ၅၂၄ဝ ကီလိုဂရမ် (၁၁ ၅၅၂ ပေါင်) • လေယာဉ်အတွင်း ဆီလှောင်ကန်မှ ဆီကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၈၅ဝ ကီလိုမီတာ (၅၂၈ မိုင်) • အပိုဆီလှောင်ကန်အတွင်း ဆီကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၁၃ဝဝ ကီလိုမီတာ (၈ဝ၇ မိုင်) • ဆီပြန်ဖြည့်ပြီး တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၃၅ဝဝ ကီလိုမီတာ (၂၁၇၄ မိုင်)
MiG – 29 တိုက်လေယာဉ် တစင်းတွင် ပါဝင်သော လက်နက်အမျိုးအစားများ (အကြမ်းဖျဉ်း)
• ၁ X ၃ဝ မီလီမီတာ GSh-30-1 cannon အလုံး (၁၅ဝ) • ဒုံးပျံများနှင့် ချိန်ကိုက်ဗုံး ထိန်းချုပ်စနစ် (Semi-active Radar Homing – SARH) ပါသော လေထဲပစ် ဒုံးကျည် အပါအဝင် ၃၅ဝဝ ကီလိုဂရမ် (၇၇၂ဝ ပေါင်) အထိ အလေးချိန်ရှိသော လက်နက်များ
(SARH စနစ်သည် AA-8 "Aphid", ", AA-11 "Archer", AA-12 "Adder စသည့် လေထဲပစ်ဒုံးကျည်များနှင့် FAB 500-M62, FAB-1000, TN-100, ECM Pods, S-24, AS-12, AS-14 စသည့် ပေါက်ကွဲအားမြင့်သော ဗုံးများကို ထိန်းချုပ်နိုင်သော စနစ် ဖြစ်သည်။)
• လေဆာစနစ် ပဲ့ထိန်း ဗုံးအမျိုးအစားများ - KAB-500KR, KAB-1000KR, KAB-1500KR ၊ • တီဗီစနစ်ဖြင့် ထိန်းချုပ်သော ဗုံးအမျိုးအစားများ - FAB-250, FAB-500, FAB-1000, FAB-1500၊ • အလွတ်ပစ် ဗုံးအမျိုးအစားများ - BetAB-250, BetAB-500၊ • ကွန်ကရစ် ထိုးဖောက်နိုင်သော ဗုံးအမျိုးအစားများ RBK-250, RBK-500 • ၃ဝ ကီလိုတန် (Kiloton – Kt) နူကလီးယားဗုံး တလုံး - S-8, S-13 • အလွတ်ပစ်ဒုံးကျည် - ZAB-500 • မီးလောင်ဗုံး - KMGU-2 • လက်နက်ခဲယမ်းမီးကျောက်ထည့်သည့် အပိုခန်းများ • ၁၁၃၇ လီတာ (၃ဝဝ ဂါလံ) သို့မဟုတ် ၁၄ဝဝ လီတာ (၃၇ဝ ဂါလံ) ဆန့် ဆီလှောင်ကန် နှစ်ခုနှင့် ၂၂၇၄ လီတာ (၆ဝဝ ဂါလံ) ဆန့် ဆီလှောင်ကန် တခု (စုစုပေါင်း ဆီလှောင်ကန် သုံးခု) ရေဒါတပ်ဆင်ထားမှု • Phazotron N019 နှင့် N010 ရေဒါစနစ်
MIG-29 တိုက်လေယာဉ်အမျိုးအစား ၈ မျိုး ရှိပြီး အောက်ပါအတိုင်းဖြစ်သည်။ MIG-29B: (ပထမဦးဆုံး ထုတ်လုပ်ခဲ့သော အမျိုးအစားဖြစ်ပြီး ပိုင်းလော့ တယောက်စာ ထိုင်ခုံပါသည့် အမျိုးအစား) MIG-29UB: (စစ်ပွဲသုံး နှစ်ယောက်ထိုင်ခုံပါ၊ ရေဒါစနစ် မပါသည့် အမျိုးအစား) MIG-29SD: (အီလက်ထရွန်းနစ် စနစ်အပိုင်းကို ပြန်လည်အဆင့်မြှင့်ထား (upgrade လုပ်ထား) သော အမျိုးအစား) MIG-29S: (အီလက်ထရွန်းနစ်နှင့် ရေဒါစနစ်ကို ပြန်လည် upgrade လုပ်ထားသော အမျိုးအစား) MIG-29SE: (ဘက်စုံသုံး အပေါ့စား ပြည်ပတင်ပို့သည့် အမျိုးအစား) MIG-29TVK: (အမောင်းသင် အမျိုးအစား) MIG-29K: (တိုက်ခိုက်ရေး သို့မဟုတ် အမောင်းသင် အမျိုးအစား) MIG-29M/ME: (လေယာဉ် စနစ်အားလုံးကို မြှင့်တင် (upgrade) လုပ်ထားပြီး, လက်နက်ထိန်းချုပ်ရေး စနစ်ပါသော အမျိုးအစား)


တပ်မတော် (လေ)၏ ယူဂိုဆလားဗီးယားနိုင်ငံထုတ် Soko G-4 Super Galeb တိုက်လေယာဉ်

[ပြင်ဆင်ရန်​] Soko G-4 Super Galeb တိုက်လေယာဉ် စက်မှုဆိုင်ရာ အချက်အလက်များ

[ပြင်ဆင်ရန်​] MI-5 တိုက်ခိုက်ရေး ရဟတ်ယာဉ်

တပ်မတော် (လေ)

No comments:

Post a Comment