Wednesday, January 11, 2012

တပ်မတော်


Tuesday, January 10, 2012


တပ်မတော်

www.littlemale.blogspot.com
ဗမာပြည်ကို ကာကွယ်ဖို့ ကျွန်တော်တို့ဟာ ဘာလိုသလဲ။ စစ်တပ်တွေ သေချာပေါက်လိုတယ်။
ဒီတပ်တွေထဲမှာ ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေ ပါတယ်။ ကျွန်တော်တို့ စစ်တပ်လိုရင် ကျွန်တော်တို့မှာ
လူတွေရှိရမယ်။ အဲဒီနောက် ဒီလူတွေကို ကျွေးဘို့၊ ထောက်ပံ့ဘို့၊ သူတို့အတွက်
လက်နက်ခဲယမ်းမီးကျောက်တွေ ခန့်ခွဲပေးအပ်ဖို့ ကျွန်တော်တို့မှာ ငွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ရှိရမယ်။
ဒီလိုအရာတွေ ကျွန်တော်တို့မှာ အလုံအလောက် ရှိပြီတဲ့လား။ ယခုခေတ် စစ်ပွဲတွေက ရှေးခေတ်က
စစ်နဲ့မတူဘူး။ ရှေးခေတ်ကတော့ လူတထောင်လောက် စစ်မြေပြင်ဆင်းပြီး အမိန့်အတိုင်း တိုက်ရုံပဲ။
ဒီခေတ်ကတော့ ရှေ့တန်းစစ်မျက်နှာလွှတ်ဖို့ ကျွန်တော်တို့ လူတွေ အမြောက်အမြားရှိရမယ်။
လက်နက်ပေါင်း များစွာရှိရမယ်။ ပြည်သူလူထုကလည်း နောက်ပိုင်းကနေပြီး စစ်အသိ၊ စစ်သတိနဲ့ စစ်နိုင်ဘို့
ကိုယ်နဲ့သက်ဆိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်ကြရမယ်။ ဒီလိုအခြေအနေကို ကျွန်တော်တို့ ကြိုက်တာ၊
မကြိုက်တာက အကြောင်းမဟုတ်ဘူး။ ဒီအခြေအနေကို ကြည့်ပြီး ကျွန်တော်တို့ တွေးရမယ်၊ လုပ်ရမယ်။ ဒါမှ
ကျွန်တော်တို့ အသက်ရှင်နေနိုင်မယ်။ ဒါကို ကျွန်တော်တို့ အမြဲသတိရှိ နေရမယ်။ ကျွန်တော်တို့ တိုင်းပြည်နဲ့
ကျွန်တော်တို့ ပြည်သူတွေဟာ အခြေခံ အက္ခရာစဉ် စာလုံးတွေကို လေ့ကျက်သင်အံနေတဲ့ ကျောင်းသားဘဝ
ကလေးငယ်တစ်ယောက်နဲ့ တူတယ်။ ဒါကြောင့် ကျွန်တော်တို့ ဗမာပြည် ကာကွယ်ရေးကို စီစဉ်ရင်
ကျွန်တော်တို့ဟာ အက္ခရာစဉ်ကို လေ့ကျက်သလို ရှေ့တည့်တည့်ကိုလည်း ကြည့်ရမယ်။
နယ်စပ်ကို ကျော်လွန်ပြီး တရုတ်၊ အန္ဒိယ၊ ရှိုနန်၊ အန်ဒမန်၊ မလေးရှား၊ ယိုးဒယား၊ အင်ဒိုချိုင်းနား၊
အရှေ့အိန္ဒိယ ကျွန်းစု၊ သီဟိုဠ်၊ အာဖရိကတိုက်ရဲ့အရှေ့ကမ်းရိုးတန်း တလျှောက်ဖြစ်တဲ့
မာဒါးကားစကားကိုလည်း ကြည့်ရမယ်။ အဲဒီအခါ ကျွန်တော်တို့ဟာ အရှေ့အာရှအရိပ်ကို ခိုလှုံခြင်းမပြုဘဲ
မစီစဉ်နိုင်ဘူးဆိုတာ တွေ့ရမယ်။ ပြီးတော့ ဗမာပြည်ရဲ့ ကာကွယ်ရေးဟာလည်း လုံလောက်တဲ့
ကာကွယ်ရေးလို့ မခေါ်နိုင်ဘူး။ ဒီနောက် တဖန် အရှေ့အာရှ ကာကွယ်ရေးမှာ ဗမာပြည်ရဲ့ ကာကွယ်ရေး၊
(တရုတ်-ဗမာ လမ်းမကြီး၊ ရှိုနန်ရေတပ် အခြေခံစခန်းနဲ့ ရေနံမြေများ အပါအ၀င်) မပါဘဲ ထွက်နေရင်
ဒီအတွက် အရှေ့အာရှနဲ့ နိပွန်မှာ ဘယ်လို ထိခိုက်မယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်နိုင်ကြမယ်။ ဒါကြောင့်
ဗမာပြည်ရဲ့ ကာကွယ်ရေးဟာ အရှေ့အာရှ ကာကွယ်ရေး ဖြစ်တယ်လို့ ကျွန်တော်ပြေခြင်းဖြစ်တယ်။

No comments:

Post a Comment